ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန္ဒပြသူကို သေနတ်နဲ့ ပစ်ခဲ့တာကို ဟောင်ကောင်ရဲ ကာကွယ်ပြောဆို
ရေးသားခဲ့သည်။
ဟောင်ကောင်မှာ ၁၈ နှစ်အရွယ် ဆန္ဒပြသူ တဦးရဲ့ ရင်အုံကို သေနတ်နဲ့ ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လ ပေါင်းများစွာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတဦးကို ကျည်အစစ်နဲ့ ပထမဆုံးအကြိမ် ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီ အပစ်ခံရသူရဲ့ အခြေအနေ တည်ငြိမ်လာပြီလို့လည်း သိရပါတယ်။ ရဲကတော့ ပစ်ခဲ့တဲ့ ရဲအရာရှိဟာ သူ့အသက် အန္တရာယ်အတွက် စိုးရိမ်လို့ ပစ်ခဲ့မိတာလို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အဲဒီ ဆယ်ကျော်သက် ဆန္ဒပြသူ တက်နေတဲ့ ကျောင်းရှေ့မှာ လူရာနဲ့ချီလာပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြနေကြပါတယ်။
မစန္ဒာဝင်းက ဆက်ပြောပြမှာပါ။