ကွန်မြူနစ် အုပ်ချုပ်ရေး နှစ် ၇၀ ပြည့်နဲ့ ဟောင်ကောင်ဆန္ဒပြပွဲ

ရေးသားခဲ့သည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြလာတာ သုံးလကျော်လာပြီဖြစ်တဲ့ ဟောင်ကောင်မှာ ဒီသတင်းပတ်ကုန်ပိုင်းက ဆိုးဝါးတဲ့ အကြမ်းဖက်မှုတချို့ ပေါ်ပေါက်ခဲ့ပါတယ်။

ဆန္ဒပြသမားတွေဘက်က ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတပ်ဖွဲ့ဝင်တွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာ ကျည်ဆန်တွေနဲ့ ပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကွန်မြူနစ်စနစ် အုပ်ချုပ်တာ နှစ် ၇၀ မြောက် အထိမ်းအမှတ် ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။

ဘီဘီစီသတင်းထောက် John Sudworth ဟောင်ကောင်ကနေ ပေးပို့တဲ့ သတင်းကို ကိုအောင်သွင်က ပြန်ပြောပြမှာပါ။