ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတထရမ့် ပြိုင်ဘက်ကို အလဲထိုးဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်ကို စွတ်စွဲ ပြစ်တင် ခံရစေခဲ့တဲ့ အထိ ဖြစ်သွားခဲ့တဲ့ သူနဲ့ ယူကရိန်းခေါင်းဆောင်တို့ အကြား ဖုန်းနဲ့ ဆက်သွယ်ပြောကြား ခဲ့တာတွေကို အိမ်ဖြူတော်က အပြည့်အစုံ ထုတ်ပြန်ပေးသွားဖို့ ရှိပါတယ်။ သမ္မတ ထရမ့်ဟာ ယူကရိန်းခေါင်းဆောင် ဗလော့ဒ်ဒီမီယာ ဇလန်စကီကို ဆက်သွယ်ပြီး သူ့ရဲ့ သမ္မတ ရွေးကောက်ပွဲ ပြိုင်ဘက် ဂျိုးဘိုင်ဒင်နဲ့ သားဖြစ်တို့ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ ထရမ့်ကတော့ ဒါတွေဟာ သူ့ကို နိုင်ငံရေး လုပ်ကြံဖို့ ကြိုးစားတဲ့ ကိစ္စပဲ ဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။