ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရတဲ့ အထောက်အထားတွေ ဆော်ဒီပြသ
ရေးသားခဲ့သည်။
ဆော်ဒီအာရေဗျ က ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းမှာ သူတို့ ရေနံမြေက ရေနံချက်စက်ရုံ ၂ လုံးကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဆိုပြီး သူတို့ ရထားတဲ့ လက်နက်အပျက်အစီး တချို့ကို ထုတ်ပြခဲ့ပါတယ်။ ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီတိုက်ခိုက်မှု အတွက် ဒရုံး ၁၈ စင်းနဲ့ ခရုဇ်ဒုံးကျည် ၇ စင်းကို သုံး ခဲ့တာ ဖြစ်ပြီး သူတို့ လာတဲ့ ဘက်ကို တွက်ဆရရင် ယီမင်ထဲက ဟူသီသူပုန်တွေ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒါဟာ စစ် ကြေငြာတဲ့ သဘော ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။