ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား နွေရာသီမှာ ကြုံရတဲ့ သောက်သုံးရေ အခက်အခဲ
ရေးသားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ဒေသ မှာ နွေရာသီ ရောက်တိုင်း မှာ ရေ အခက်အခဲနဲ့ ကြုံရလေ့ ရှိပါတယ်။
သောက်သုံးရေ ရဖို့အတွက် ဆိုရင် ဆယ်မီတာလောက် ရှိတဲ့ လှိုဏ်ဂူ ထဲ အထိ ကို ဆင်းပြီး ရေခပ် ရတာမျိုးတွေ လုပ်ရပါတယ်။
ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရ က စီစဉ်နေပြီး ရေကာတာ အတော်များများ ကို ၂၀၂၄ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ အစိုးရ က စီစဉ်နေပါတယ်။
အဲဒီ အခါကျရင်တော့ နေအိမ် ဆယ်သန်း လောက် ကို ရေပေးဝေ နိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြပါတယ်။ အင်ဒိုနီးရှား ဂျဗား ဒေသ က ရေရှားပါးမှု အကြောင်း ကိုကျော်ဇေယျ က ဆက်ပြီး ပြောပြ ပေးမှာပါ။