ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီယား အမှု ၆ ကြိမ်မြောက် ရုံးချိန်းမှာ ကလေးငယ်ကိုယ်တိုင် ထွက်ဆို
နေပြည်တော် ( Wisdom Hill ) ၀စ်စဒမ် ဟေးလ် မူကြိုကျောင်းက အသက် သုံးနှစ်အရွယ် ကလေးငယ်လေး ဗစ်တိုရီးယား လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အမှုရဲ့ ၆ ကြိမ်မြောက် ရုံးချိန်မှာ ကလေးငယ်ကိုယ်တိုင် ဗီဒီယို ကွန်ဖရန့် ကနေ တဆင့် တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
ဒီကနေ့ တရားခွင်ကို ပြည်သူတွေ ဝင်ခွင့်မရပဲ ကလေးမိဘနှစ်ပါးနဲ့ နှစ်ဘက် ရှေ့နေတွေသာ ပေးဝင်ခဲ့ပြီး ဗစ်တိုးရီးယားကိုတော့ သီးသန့်အခန်းထဲမှာ အဒေါ်ဖြစ်သူနဲ့ မေးခွန်းတွေ မေးပေးမယ့် အမျိုးသမီးတရားသူကြီးတယောက်ကို ထားရှိပြီး စစ်ဆေးခဲ့တာပါ။
တရားရုံးမှာ ဥပဒေအရာရှိရဲ့ မေးမြန်းချက်တွေကို ဗစ်တိုးရီးယားလေးက ဖြေကြားခဲ့ပြီး သူ့ကို ဘယ်သူတွေက လုပ်ခဲ့သလဲဆိုတာကိုလည်း ဓာတ်ပုံတွေကနေတဆင့် ရွေးထုတ် ထောက်ပြခဲ့တယ်လို့ နှစ်ဘက် ရှေ့နေတွေက ပြောပါတယ်။
ဒီကနေ့ ရုံးထုတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက မေးမြန်းထားပါတယ်။