ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အနှစ် ၂၀ နီးပါးကြာ အာဖဂန် စစ်ပွဲအဆုံးသတ်မယ့် အလားအလာ
ရေးသားခဲ့သည်။
အမေရိကန်နဲ့ တာလီဘန် လက်နက်ကိုင်တွေကြား ဆွေးနွေးညှိုနှိုင်းမှုတွေကို သမ္မတ ဒေါ်နယ်ထရမ့်ဘက်က ရုတ်တရက် ဖျက်သိမ်းလိုက်ပေမယ့် ရှေ့လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေနဲ့ ပတ်သက်လို့ နှစ်ဘက်လုံးက မျှော်လင့်နေဆဲပါ။
အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း ၂၀ နီးပါးကြာ ဖြစ်ပွားနေတဲ့ စစ်ကြီး အဆုံးသတ်ဖို့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲနောက်ပိုင်း အခုလို ရုတ်တရက် ရပ်တန့်လိုက်တာပါ။
ဒီအကြောင်း ဘီဘီစီ နိုင်ငံတကာသတင်းထောက်ချုပ် လိစ် ဒူးဆက် ကာဘူးလ်မြို့ကနေ ပေးပို့တဲ့ သတင်းကို မသီဒါနွယ်က ပြန်ပြောပြမှာပါ။