အိန္ဒိယစစ်တပ်က ကက်ရှ်မီးယားမှာ ညှဉ်းပန်းနှိပ်စက်မှုရှိတယ်လို့စွပ်စွဲမှုရှိနေ

ရေးသားခဲ့သည်။

အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှမီးယား မှာ စစ်သားတွေရဲ့ ရက်ရက်စက်စက် ရိုက်နှက်တာ၊ ညှဉ်းပမ်းနှိပ်စက်တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အိန္ဒိယ စစ်တပ်ကတော့ ဒါဟာအခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ ပြောပါတယ်။

ဆန့်ကျင်ဆန္ဒပြသူတွေ ဖြိုခွင်း ခံရပြီး လူထောင်နဲ့ချီ ဖမ်းဆီးခံရမှုတွေ ဖြစ်လာခဲ့ရတဲ့ အဲဒီဒေသမှာ တစိတ်တဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရုပ်သိမ်းခံခဲ့ရတာ ၂၆ ရက် ရှိပါပြီ။

နျုကလီးယားလက်နက်တွေပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ ပြောနေပြီး နှစ်နိုင်ငံ ခွဲခြား ထိန်းချုပ် ထားပါတယ်။

အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတာဟာ ဟိန္ဒူအမျိုးသားရေးစိတ်ပြင်းထန်တဲ့ အစိုးရက အိန္ဒိယရဲ့ တခုတည်းသော မွတ်ဆလင် အများစုရှိရာ ပြည်နယ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာလို့ တချို့က မြင်ကြပါတယ်။

ဆက်သွယ်ရေးတွေ လုံးဝနီးပါး အဖြတ်ခံထားရတဲ့ကြားက ဘီဘီစီသတင်းထောက် Sameer Hashmi က ကက်ရှ်မီးယားဒေသထဲ မှာရှိနေခဲ့ပြီး အခု သတင်းကို ပေးပို့လိုက်ပါတယ်။

ကိုထက်အောင်က ပြန်ပြောပြပေးမှာပါ။

တချို့မြင်ကွင်းတွေက တချို့အတွက် စိတ်မသက်သာစရာဖြစ်နိုင်တာကိုလည်း ကြိုတင် သတိပေးပါရစေ။