ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူဖြူကြီးစိုးရေးဝါဒကို ရှုတ်ချဖို့ သမ္မတ ထရမ့်ပြော
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှာ ဒီတပတ် စနေတနင်္ဂနွေနေ့တုန်းက ၂၄ ရက်နာရီတောင် မခြားပဲ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် El-Paso မြို့မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးခဲ့သလို အိုဟိုင်းယိုး ပြည်နယ်တွင်းက Dayton မြို့မှာလည်း သေနတ်ပစ်ခတ်မှုကြောင့် ၉ ဦး သေဆုံးခဲ့ပါတယ်။
သမ္မတ ထရမ့်ကတော့ အမေရိကားမှာ အမုန်းတရားအတွက် နေရာမရှိဘူးလို့ ပြောဆိုလိုက်ပြီး ဒီလို ပစ်ခတ်မှုတွေ နောက်မဖြစ်အောင်အတွက် အာဏာပိုင်တွေဘက်က ပိုမို လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။