ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သိမ်းမြစ်ထဲက လူစီး သင်္ဘောတွေ အိုဟောင်းနေပြီလား
ရေးသားခဲ့သည်။
လန်ဒန်မြို့ကို ဖြတ်စီးနေတဲ့ အထင်ကရ မြစ်ကြီးတစင်း ဖြစ်တဲ့ သိမ်းမြစ်ထဲမှာ Little Ships လို့ ခေါ်ကြတဲ့ သမိုင်းဝင် ကူးတို့ သင်္ဘောတွေနဲ့ နှစ်စဉ် ခရီးသွားလာကြသူ ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲဒီသင်္ဘောတွေ ထဲက အစောဆုံး တစင်းကို လွန်ခဲ့တဲ့ ၁၈၉၂ က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်တွေက ဒီသင်္ဘောတွေ အိုမင်းလာနေလို့ လုံခြုံစိတ်ချရမှု မရှိတော့ဘူးဆိုပြီး စိုးရိမ်နေကြပါတယ်။ တဘက်မှာလည်း သင်္ဘောပိုင်ရှင်တွေက အသစ်တဖန် ပြုပြင်မွမ်းမံကြမယ် ဆိုရင်လည်း အကုန်အကျ များလွန်းလှတယ်လို့ ပြောနေကြပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။