ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရီးယား မျက်နှာဖတ် ဟောပြောခြင်းနဲ့ ခွဲစိတ်ပြုပြင်မှု
ရေးသားခဲ့သည်။
ကိုရီးယား လူမျိုးတွေမှာ မျက်နှာ ကြန်အင် လက္ခဏာကို ဖတ်ပြီး ရှေ့ဖြစ်ပြောတဲ့ ဓလေ့ ကို ကျင့်သုံးလာတာ နှစ်ပေါင်း ရာချီနေပြီဖြစ်ပါတယ်။ အခုခေတ်မှာတော့ ပလတ်စတစ် ဆာဂျရီလို မျက်နှာခွဲစိတ် ပြုပြင်တာတွေကလည်း တော်တော် လုပ်လာကြတော့ တချို့ဆို လူလှဖို့အပြင် ဘဝအရေးကောင်းဖို့ပါ လုပ်လာကြပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဗီဒီယို ဘလော့ဂ်ဂါ ပတ်ခ်တယ်ဟက အခုလို ပြောပြခဲ့ပါတယ်။