ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘိုရင်း ၇၃၇ မက်စ် လေယာဉ်တွေ ထုတ်လုပ်ရာမှာ ထုတ်လုပ်စရိတ် အလုံအလောက်မရခဲ့
ရေးသားခဲ့သည်။
ဘိုရင်း ၇၃၇ မက်စ် လေယာဉ်အမျိုးအစားတွေကို ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ထုတ်လုပ်စရိတ် ပြည့်ပြည့်ဝဝ မရခဲ့ဘူးလို့ ဘိုရင်း ကုမ္ပဏီရဲ့ အင်ဂျင်နီယာဟောင်းက ဘီဘီစီကို ပြောပါတယ်။
၇၃၇ မက်စ် လေယာဉ် နှစ်စီး ပျက်ကျမှုကြောင့် လူပေါင်း ၃၄၆ ဦး သေဆုံးပြီးတဲ့နောက် ဒီလေယာဉ်တွေကို လောလောဆယ် ပျံသန်းခွင့် ပိတ်ပင်ထားပါတယ်။
ဘိုရင်း ကုမ္ပဏီကတော့ ထုတ်လုပ်စရိတ် အပြည့်အဝ မသုံးခဲ့ဘူးဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပြီး ပျံသန်းမောင်းနှင်ရာမှာ ဘေးကင်းလုံခြုံမှု အရှိဆုံး လေယာဉ်တစီးဖြစ်အောင် ထုတ်လုပ်ထားတယ်လို့လည်း ပြောပါတယ်။
မစန္ဒာ၀င်းက ဆက်ပြောပြမှာပါ။