ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာကြီးပိုပူလာလို့ ရာသီဥတုပြင်းထန်
အမေရိကန် ပြည်ထောင်စုက ရာသီဥတု ဆိုင်ရာ လေ့လာချက်စာတမ်း တစောင်မှာ လတ်တလော ကြုံနေရတဲ့ ကမ္ဘာ့ ကြီးပူနွေးလာမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အတွင်းမှာ ကြုံခဲ့ဖူးတဲ့ အလားတူ အဖြစ်မျိုးထက် ပိုပြီး အရှိန်ကောင်းနေတယ်လို့ ပြောပါတယ်။ သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့ ထောင်စုနှစ် ၂ ခုအတွင်းမှာ ကြုံခဲ့ရတဲ့ ကမ္ဘာ့တိုက်ကြီးတွေနဲ့ ပင်လယ် သမုဒ္ဒရာတွေက ပျှမ်းမျှ အပူချိန်တွေကို ပြန်လည် တွက်ချက် ပြီးပြောခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လေ့လာမှုတွေကို နေးချား ဂျာနယ်ထဲမှာ ဖော်ပြထားပြီး လက်ရှိကြုံနေရတဲ့ ရာသီဥတု ပြောင်းလဲလာမှုဟာ ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုကြောင့်ဖြစ်ပြီး အရင်က မကြုံဖူးသေးတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။