ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွန်ဆာဗေးတစ် ခေါင်းဆောင်အဖြစ် ဘောရစ်ဂျွန်ဆင်ကို ရွေး
ယူကေ မှာတော့ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်အဖြစ် ဘောရစ္စဂျွန်ဆင်ကို ရွေးချယ်လိုက်ပါပြီ၊ အဲဒါကြောင့် မနက်ဖန်မှာ ဝန်ကြီးချုပ်သစ် အဖြစ် ကြေညာ သွားတော့မှာဖြစ်ပါတယ်။ မစ္စတာ ဂျွန်ဆင်ဟာ အနီးကပ် ပြိုင်ဘက်ထက် မဲ ၂ ဆ အသာရပြီး ရွေးချယ် ခံခဲ့ရတာဖြစ်ပါတယ်။
အရင် လန်ဒန် မြို့တော်ဝန်ဟောင်းနဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်းဖြစ်တဲ့ ဘောရစ္စ ဂျွန်ဆင် ဟာတခြားနိုင်ငံရေး သမားဆိုရင် ဘေးရောက်သွားနိုင်လောက်တဲ့ နိုင်ငံရေး လောကမှာ ပြဿနာ တချို့ ကြုံခဲ့ရဖူးပေမယ့် အခုလို ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို ဗြိတိန်အီးယူ က ထွက်ရေးကို အကောင်းဆုံးခေါင်းဆောင်မှု ပေးနိုင်မယ့် လူ အဖြစ် ကွာဆာဗေးတစ်ပါတီ ဝန် ၁၃၀၀၀၀ လောက်က ရွေးချယ် ပေးခဲ့ကြတာဖြစ်ပါတယ်။
ဘောရစ္စ ဂျွန်ဆင်ရဲ့ အကြောင်း ကို ကိုမင်းထက်က ပြောပြမှာပါ။