ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်ရေနံတင်သင်္ဘောတစီး အီရန်ဖမ်းဆီး
ရေးသားခဲ့သည်။
အီရန်ဘက်က သိမ်းယူထားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဗြိတိန်က ထပ်တလဲလဲ တောင်းဆိုနေပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ သောကြာနေ့က ပါရှန်ပင်လယ်ကွေ့မှာ ဖြတ်သန်းမောင်းနှင်စဉ်အတွင်း ဒီသင်္ဘော အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ဒါဟာ တရားမဝင်ဘူးလို့လည်း ဗြိတိန်ဘက်က ပြောပါတယ်။
ဟောမုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်စဉ်အတွင်း လုံခြုံရေး ပိုမိုအားကောင်းဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အရေးပေါ် လုံခြုံရေးအစည်းအဝေးကို ကြီးမှူးကျင်းပနေပါတယ်။
ကိုကျော်ဇေယျ ပြောပြမှာပါ။