ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဇာနည် လုပ်ကြံမှု သြစတြေးလျက ဒေါက်တာကျော်ဇောဝင်းနဲ့ မေးမြန်းချက်
ရေးသားခဲ့သည်။
အာဇာနည် လုပ်ကြံမှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေနဲ့ လုပ်ကြံမှု ဖြစ်ပွားတဲ့ နောက်ကွယ်က အကြောင်းတွေကို သြစတြေးလျနိုင်ငံ ဝူလန်ဂေါင်း တက္ကသိုလ်မှာ သမိုင်းပါရဂူဘွဲ့ ရယူထားတဲ့ ဒေါက်တာ ကျော်ဇောဝင်းကို ဆက်သွယ် မေးကြည့်ခဲ့ပါတယ်။
ဒေါက်တာ ကျော်ဇောဝင်းဟာ ဗမာပြည် ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌနဲ့ လွတ်လပ်ပြီးစမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးကိုကိုကြီးရဲ့ မြေးလည်း ဖြစ်ပြီး ဆိုရှယ်လစ်ပါတီသမိုင်းနဲ့ ပါရဂူဘွဲ့ ယူခဲ့တာ ဖြစ်ပါတယ်။