ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီးအမတ်တွေကို သမ္မတထရမ့် ထပ်မံတိုက်ခိုက်ပြောဆို
ရေးသားခဲ့သည်။
သမ္မတ ထရမ့်က လူဖြူမဟုတ်တဲ့ အမေရိကန် အမျိုးသမီးလွှတ်တော် အမတ် လေးယောက်ကို လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အမျိုးသမီးတွေဟာ အမေရိကန်ကို မုန်းတီးကြသူတွေလို့ လူထု စည်းဝေးပွဲမှာ သမ္မတ ထရမ့်က စွပ်စွဲပြောဆိုလိုက် ပါတယ်။
သမ္မတ ထရမ့် ဘက်ကနေ ထောက်ခံ အားပေးတဲ့ လူအုပ်ကြီးကလည်း သူ့ကို ပြန်ပို့ သူ့ကို ပြန်ပို့ ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ မနေ့က အောက်လွှတ်တော်မှာ သမ္မတ ထရမ့်ကို စွပ်စွဲ ပြစ်တင် ဖို့ ကြိုးစားမှုကတော့ ပိတ်ပင်ခံခဲ့ရပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။