ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူမျိုးရေး ခွဲခြားသူ အဖြစ် သမ္မတ ထရမ့်ကို ရှုတ်ချ
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီး လွှတ်တော် အမတ် ၄ ဦးကို သမ္မတ ထရမ့်က လူမျိုး ရေး ခွဲခြားမှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ရှုတ်ချဖို့ အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်အတွက် ထူးခြားတဲ့ ဆုံးဖြတ်မှု တခုလည်းဖြစ်ပါတယ်။
အစောပိုင်းကတော့ မစ္စတာ ထရမ့်က သူ့မှာ လူမျိုးရေး ခွဲခြားတဲ့ စိတ်မျိုး မရှိပါဘူးလို့ ပြောခဲ့ပေမယ့် လူနည်းစု က လာကြတဲ့ နိုင်ငံရေး သမားတွေကို ထပ်ပြီး တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။