ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန် ခေါင်းချင်းဆက် အမြွှာကို အောင်မြင်စွာခွဲစိတ်နိုင်
ရေးသားခဲ့သည်။
လွန်ခဲ့တဲ့ ၂ နှစ်က ပါကစ္စတန်မှာ ဖြစ်တောင့်ဖြစ်ခဲ ခေါင်းချင်းဆက် အမြွှာ ဆာဖာ နဲ့ မာဝါတို့ကို မွေးဖွားခဲ့ပါတယ်။ အခုတော့ လန်ဒန်မြို့က Great Ormond Street ကလေးဆေးရုံမှာ ဒီ အမြွှာ လေး ၂ ယောက်ကို အောင်မြင်စွာ ခွဲစိတ် ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီခွဲစိတ်မှုဟာ သိပ်ရှုပ်ထွေးနက်နဲ တာကြောင့် အဆင့်တွေ အများကြီး လုပ်ခဲ့ရသလို ဆရာဝန်တွေ သူနာပြုတွေ အများကြီး နာရီ ၅၀ ကျော်ကြာအောင် ခွဲစိတ်ခဲ့ကြရတာဖြစ်ပါတယ်။ အခု အဲဒီ ခွဲစိတ်မှုမှာ ပါဝင်ခဲ့သူတွေနဲ့ ကလေးတွေရဲ့ မိသားစုကို ဘီဘီစီ တွေ့ဆုံ ထားတာကို ရှုစားရအောင်ပါ။
ကိုသိမ်းမြတ်က ပြောပြမှာပါ။