တရုတ်မှာ မွတ်ဆလင် ကလေးငယ်တွေကို မိသားစုနဲ့ခွဲထား

ရေးသားခဲ့သည်။

တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်ထဲမှာ မွတ်ဆလင် ကလေးငယ်တွေကို မိသားစုနဲ့ အစီအစဉ်ရှိရှိ ခွဲထားပြီး လုံခြုံတဲ့ ပြည်နယ်ကျောင်းတွေမှာ ထိန်းသိမ်းထားတယ်ဆိုတာကို ဘီဘီစီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီဒေသမှာ ကျောင်းအိပ်ကျောင်စား ဘော်ဒါကျောင်းတွေ အများအပြား ဖွင့်လှစ်ထားတယ်ဆိုတဲ့ တရားဝင် အထောက်အထားတွေကိုလည်း တွေ့ရပြီး အဲဒီမှာ ၂ နှစ်အရွယ် ကလေးငယ်တွေကိုတောင် ထိန်းသိမ်းထားပါတယ်။

ဒါဟာ လူနည်းစု ဝိဂါမွတ်ဆလင်မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေကို သူတို့ရဲ့ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့အတွက် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ မူဝါဒ ဖြစ်တယ်လို့ တရုတ်အစိုးရကို ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဘီဘီစီ တရုတ်နိုင်ငံဆိုင်ရာ သတင်းထောက် John Sudworth ရဲ့ အထူးသတင်းတပုဒ်ကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။