ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင်မှာ ကလေးသူငယ် လိင်အမြတ်ထုတ်မှု စံချိန်တင်မြင့်တက်
ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓိက အမြတ်ထုတ်သူတွေဟာ ဒီကလေးတွေကို လက်သပ်မွေးထားတဲ့ သူစိမ်းတွေ ဖြစ်မယ်လို့ ယူဆလေ့ ရှိပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ လိင်အမြတ်ထုတ်ခံရသူ ကလေးသူငယ် ၃ ပုံ ၂ ပုံလောက်ဟာ သူတို့ရဲ့ မိဘ ဒါမှမဟုတ် နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ အမြတ်ထုတ်တာ ခံနေရတယ်လို့ အစီရင်ခံစာ အသစ်မှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာမှာ ကလေးသူငယ် လိင်အမြတ်ထုတ်မှု အများဆုံး နိုင်ငံ ဖြစ်မယ်လို့ ယူဆရပြီး အခုဆိုရင် စံချိန်တင် အနေအထားကိုတောင် ရောက်ရှိနေပါပြီ။
ဘီဘီစီ သတင်းထောက် Mike Thomson ရဲ့ သတင်းကို ကိုသိမ်းမြတ်က ပြန်ပြောပြပေးမှာပါ။
ဒီသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်းကိုတော့ ကြိုတင်အသိပေးပါရစေ။