ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေ့ပြောင်းလာသူတွေကို ကောင်းမွန်စွာ ထားဖို့ ကန်အောက်လွှတ်တော် ငွေချ
အမေရိကန်က ထိန်းသိမ်းရေး စခန်းတွေမှာ ခေါ်ထားတဲ့ အမေရိကန်ကို ရွှေ့ပြောင်းလာသူတွေနဲ့ ပတ်သက်လို့ အဲဒီလူတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ထားပေးဖို့ အတွက် ဒီမိုကရက်တွေ ကြီးစိုးနေတဲ့ အောက်လွှတ်တော်က ဒေါ်လာ ၄ . ၅ ဘီလျံကိုချပေးလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ တက္ကဆက်က ထိန်းသိမ်းရေး စခန်းတခုမှာ ကလေးတွေကို ကောင်းကောင်းမွန်မွန် မထားဘူးဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရီယို ဂရဲန်ဒေ မြစ်ကမ်းပါးမှာ ရွှေ့ပြောင်းလာသူ ဖခင် နဲ့ သမီးတို့ သေဆုံးနေတဲ့ ပုံ အွန်လိုင်းပေါ် တက်လာခဲ့ တဲ့ နောက်မှာ မကျေနပ်မှုတွေပါ ဖြစ်လာနေပါတယ်။
အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးပါတယ်။
ကိုဝေဖြိုးက ပြောပြမှာပါ။