ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ဟာ စစ်လိုလားနေတယ်လို့ အီရန်စွပ်စွဲ
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အီရန်အပေါ်နောက်ထပ် ပိတ်ဆို့ အရေးယူ မှုတွေ ပြဌာန်းလိုက်တဲ့နောက်မှာ အီရန် နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က ထရမ့် အစိုးရဟာ သံတမန်ရေးထက် စစ်ဆာနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အီရန်ခေါင်းဆောင် အာယာတိုလာ အလီခါမေနီနဲ့ သူနဲ့ ပတ်သက်သူတွေကိုပစ်မှတ်ထားတာဖြစ်ပါတယ်။
မစ္စတာ ထရမ့်က ဒေသတွင်း မတည်ငြိမ်မှုတွေမှာ ဒီလူတွေရဲ့ တာဝန်ရှိတယ်လို့ ပြောထားပါတယ်။ အီရန်ဘက်ကတော့ ဒီလို လုပ်လိုက်တာကြောင့် တဟီရန်နဲ့ ဝါရှင်တန်အကြား သံတမန်ရေး တံခါးပိတ်သွားပြီဖြစ်တယ်လို့ ပြောလိုက်ပါတယ်။