ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှင်ကျန်းဒေသတွင်းမှာ ဘာသာရေး အဆောက်အအုံတွေ ဖြိုချခံရ
တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင်းမှာ တရုတ်အစိုးရက မွတ်ဆလင်တွေကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ထွက်ပေါ်လာချိန်မှာပဲ ဒီနှစ်ပိုင်းတွေအတွင်း အဲဒီဒေသတွင်းက မွတ်ဆလင် ဘာသာရေးအဆောက်အအုံတွေ ဖြိုချဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီ့ဒေသတွင်းက ဘာသာရေး အဆောက်အအုံတွေကို ဘီဘီစီက သွားရောက် သတင်းယူခွင့် ရခဲ့ပြီးတော့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဒေသမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုတော့ အာဏာပိုင်တွေက ကြိုးစားချေပနေကြပါတယ်။
ဘီဘီစီသတင်းထောက် John Sudworth ရှန်ကျန်းဒေသတွင်းက ပေးပို့တဲ့ သတင်းလွှာကို ကိုမင်းထက်က ပြောပြပေးမှာပါ။