ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၇၅ နှစ်ကြာမှ ပြန်ဆုံကြတဲ့ ငယ်ကျွမ်းဆွေတွေ
ငယ်ကချစ် နှစ်တရာတို့ ၊ ကြာလေလေ ခိုင်မြဲလေလေလို့ ဆိုကြတာတွေ ကြားဖူးကြမှာပါ။
လွန်ခဲ့တဲ့ ၇၅ နှစ် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက ကေတီ ရော်ဘင်စ်ဟာ ပြင်သစ်မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
အဲဒီ ကာလအတွင်းမှာ ပြင်သစ်သူ တဦးနဲ့ မေတ္တာဇာတ်လမ်းစခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ကြောင့် အဲဒီ ရွာလေးကို ခွာခဲ့ရပြန်ပါတယ်။
၇၅ နှစ်ကြာအပြီးမှာတော့အမေရိကန် စစ်ပြန်တွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေရင်းမှာ မစ္စတာ ရော်ဘင်စ်က ပြင်သစ် သတင်းထောက်တွေကို သူ့ ငယ်ချစ်ရဲ့ ဓာတ်ပုံလေးကို ထုတ်ပြမိခဲ့ပါတယ်။
အဲဒီလို ပြအပြီး သီတင်းပတ် အနည်းငယ်အကြာမှာတော့ နော်မန်ဒီကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ အထိမ်းအမှတ် ပွဲတွေတက်ရောက်ဖို့ မစ္စတာရော်ဘင်စ် ပြင်သစ်ကို နောက်တကြိမ် ရောက်လာပြန်ပါတယ်။
ဒီတခါတော့ ခုနက သတင်းထောက်တွေက သူမမျှော်လင့်ထားတဲ့ လူ တဦးနဲ့ စောင့်နေကြပါပြီ။
ကိုထက်အောင်က ပြောပြမှာပါ။