ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာကွယ်ဆေး အပေါ် ယုံကြည်မှု နည်းလာ
လေ့လာ မှု အသစ်တခုအရ ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ ကမ္ဘာ့တချို့ဒေသ တွေမှာလူထုရဲ့ ယုံကြည်မှုတွေ နည်းလာနေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေး ဆိုင်ရာအဖွဲ့အစည်း တခုဖြစ်တဲ့ Wellcome Trust က ကမ္ဘာတဝန်း ကာကွယ်ဆေး ထိုးနှံမှုနဲ့ဆိုင်တဲ့ စစ်တမ်း လုပ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၁၄၀,၀၀၀ ရဲ့အမြင်တွေကို တောင်းခံပြီး လေ့လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလေ့လာမှုအရ ၇၉ ရာခိုင်နှုန်းက ကာကွယ်ဆေးကို ယုံကြည်လက်ခံကြသလို ၈၄ ရာခိုင်နှုန်း ကတော့ ကာကွယ်ဆေးတွေက ဆေးစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကာကွယ်ဆေးကို ပို ယုံကြည်ကြပြီး မြန်မာနိုင်ငံမှာဆိုရင် ကာကွယ်ဆေးကို အားကိုးကြသူပေါင်း ၉၁ ရာခိုင်နှုန်း ရှိပါတယ်။
ကမ္ဘာတဝန်းကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက အထူး အစီအစဉ် တရပ်အဖြစ် တင်ပြဖို့ရှိရာမှာ အခုတော့ ဖိလစ်ပိုင်က အခြေအနေတွေကို ကြည့်ရအောင်ပါ။ အဲဒီမှာတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတွေကို ယုံကြည်မှုတွေ နည်းလာနေကြတာကြောင့် စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုမင်းထက်က ပြောပြမှာပါ။