ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
MH17 လေယာဉ် ပစ်ချခံရမှုနဲ့ လူ ၄ ဦးကို စွဲချက်တင်
ရေးသားခဲ့သည်။
လွန်ခဲ့တဲ့ ၅ နှစ်က လူ၂၉၈ ယောက် သေဆုံးခဲ့ရတဲ့ မလေးရှားလေကြောင်းက MH17 ခရီးသည်တင် လေယာဉ်ကြီး ယူကရိန်း အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတဲ့ ဒတ်ချ် စုံစမ်းစစ်ဆေးသူတွေက လူ ၄ ယောက်ကို လူသတ်မှုနဲ့ စွဲဆိုလိုက် ပါတယ်။
ရုရှား လူမျိုး ၃ ယောက်နဲ့ ယူကရိန်းက တယောက်ဖြစ်ပြီး အဲဒီ လူတွေကို နိုင်ငံတကာ ဝရမ်း ထုတ်ထားလိုက်ပြီလည်း ဖြစ်ပါတယ်။ လာမယ့် နှစ် မှာ သူတို့ အမှုကို နယ်သာလန်မှာ စတင်ကြားနာ သွားဖို့ရှိပါတယ်။
ကိုထွေးက ပြောပြမှာပါ။