ရိုက်တာ သတင်းထောက်တွေ လွှတ်ပေးဖို့ တောင်းဆို

ရေးသားခဲ့သည်။

၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်မှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အဖမ်းခံထား ရတာ တနှစ်ပြည့်သွားပြီ။

ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အသိအမှတ် ပြုထိုက်တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ် အမည်စာရင်း Person of the Year စာရင်းမှာလည်း ကမ္ဘာတစ်ဝန်းက ဖမ်းဆီးခံ၊ သတ်ဖြတ်ခံ သတင်းထောက်တွေနဲ့အတူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထည့်သွင်းခံခဲ့ရပါတယ်။

သူတို့ လွတ်မြောက်ရေးအတွက် မိသားစုတွေအပါအဝင် ပြည်တွင်း ပြည်ပမှာ လည်း တောင်းဆိုနေကြပါတယ်။ ရန်ကုန်က ဘီဘီစီ သတင်းထောက် ကိုစံကျော်က အခုလို သတင်းပေးပို့ထားပါတယ်။