ကမ္ဘာကြီးပူနွေးလာမှု ထိန်းသိမ်းဖို့ လိုပြီ

ရေးသားခဲ့သည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမှုရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ လက်ရှိ ကမ္ဘာကြီး အပူချိန်ထက် တစ် ဒဿမ ငါး ဒီဂရီ ဆဲလ်စီယပ် လောက်အထိ ပဲ တိုးလာဖို့ ထိန်းထားချင်တယ်ဆိုရင် နိုင်ငံအသီးသီးမှာ အရင်တုန်းက မလုပ်ခဲ့ဖူးတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒီလိုလုပ်မယ်ဆိုရင် လူ ဆယ်သန်းလောက် ရေဘေး ကြုံရမယ့် အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်သလို သန္တာကျောက်တန်းတွေကိုလည်း ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုမိုးမြင့်က ပြောပြပေးမှာပါ။