ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ ပထမဆုံး အမ်အမ်အေ လက်ဝှေ့မယ်
မြန်မာနိုင်ငံ ဖွား မြန်မာ စပါးအုံးမြွေ Burmese Python အောင်လအန်ဆန် (Aung La N Sang) က ONE Championship ကမ္ဘာ့ ကိုယ်လုံပညာပေါင်းစုံပွဲ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုမှာ ချန်ပီယံ ရွှေခါးပတ် ရယူနိုင်ထားတာနဲ့အတူ သိုင်းပေါင်းစုံ လို့ခေါ်တဲ့ Mixed Martial Arts (MMA) အားကစားနည်းဟာ မြန်မာနိုင်ငံက လူတွေအကြား အမျိုးသားရော၊ အမျိုးသမီးပါ လူကြိုက်များ လိုက်စားလာကြပါတယ်။
အခု ဆိုရင် မြန်မာနိုင်ငံကနေ ONE Championship အမ်အမ်အေ သိုင်းပေါင်းစုံ ပွဲကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီး ၂ ဦးလည်း ရှိလာပါပြီ။ အဲဒီထဲက တဦးဖြစ်သူကတော့ ကယန်း အမျိုးသမီး လက်ဝှေ့ကစားသမား အန်ထိုနီယာ (Bozhena Antoniyar) ပါ။
သူဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ရန်ကုန်မှာ ကျင်းပတဲ့ ဝမ်းချန်ပီယံရှစ် အက်တန်ဝိတ်တန်း (Atom weight) ပွဲမှာ မြန်မာနိုင်ငံက အခြား ပြိုင်ပွဲဝင်သူ ရွှေစင်ကို ပထမ အချီ စက္ကန့် ၂၄ မှာတင် လက်သီးထိုး အနိုင်ယူ ခဲ့ပါတယ်။
အောက်တိုဘာလ ၆ ရက် စနေနေ့မှာတော့ အန်ထိုနီယာဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ဝမ်းချန်ပီယံရှစ် ပွဲစဉ် အဖြစ် ထိုင်းနိုင်ငံမှာ ထိုင်း-ဂျပန် ကိုယ်လုံသိုင်းပေါင်းစုံ ကစားသမား ရီကာ (Rika Ishige) နဲ့လည်း ယှဉ်ပြိုင်ဖို့ရှိပါတယ်။
အသက် ၂၃ နှစ် ပဲ ရှိသေးတဲ့ အန်ထိုနီယာ တယောက် တိုင်းရင်းသား ဒေသကနေ နိုင်ငံတကာ စင်မြင့်ထက်ကို ဘယ်လို တက်လှမ်းလာခဲ့ပါသလဲ။ ရုပ်သံမှာ ရှုစားပါ။