ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဇာနည်ခေါင်းဆောင်တွေရဲ့ ဈာပန ဂုဏ်ပြု တပ်ဖွဲ့ ဗိုလ်လေး
ဇူလိုင်လ ၁၉ ရက်နေ့၊ ဒီကနေ့ဟာ ၇၁ နှစ်မြောက် အာဇာနည်နေ့ ဖြစ်တာနဲ့ အညီ မြန်မာ့ လွတ်လပ်ရေး အတွက် အသက်ပေး သွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေကို အလေးအမြတ်ပြုကြ၊ လွမ်းသူ ပန်းခွေ ချ ဆုတောင်းအမျှ ဝေတဲ့ အခမ်းအနား တွေကို နိုင်ငံတဝန်း ကျင်းပခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့၊ ဗိုလ်ချုပ် အောင်ဆန်း တို့ ကျဆုံး ခဲ့စဉ် အချိန် က တပ်မတော် ရေတပ်ရဲ့ ဗိုလ်လေး အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ဦးကျော်သိန်းလွင် ဟာ ဒီ အရေးကြီး သတင်း ကို အထက်အရာရှိ တွေ ဆီကို သွားရောက် ပေးပို့ ခဲ့ရသူပါ။
နောက်ပြီး အာဇာနည်တွေရဲ့ ဈာပန အခမ်း အနား ကျင်းပတော့လည်း ဂုဏ်ပြု တပ်ဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် ကိုယ်တိုင် ပါဝင် ချီတက် ခဲ့သူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့လည်း ကိုယ်တိုင် သုံးကြိမ် တွေ့ဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး တဲ့ အချိန်က အခြေအနေတွေ၊ ဈာပန အခမ်းအနား ကျင်းပခဲ့တုန်း က မှတ်မှတ်ရရ အဖြစ်အပျက်တွေ အကြောင်း အသက် (၉၂) နှစ် ရှိပြီ ဖြစ်တဲ့ အငြိမ်းစား ရေတပ်ဗိုလ်ကြီး စည်သူ ကပ္ပတိန် ဦးကျော်သိန်းလွင် ကို ကိုဇေယျာက သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။