ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးအကြီးအကျယ်လောင်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ မီးလောင်မှု အကြီးအကျယ် ဖြစ်ပွား နေပါတယ်။
မနက် ၃ နာရီ လောက်မှာ မီးလောင်နေတာကို စပြီး သတိထားမိချိန်မှာပဲ ဟိုတယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက် နေပြီး၊ မီးလုံးကြီး သဖွယ်သာ တွေ့ရတော့တယ်လို့ မျက်မြင် သက်သေ တွေက ဘီဘီစီကို ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာလည်း မီးဟုန်းဟုန်းတောက် နေတဲ့ ဟိုတယ်ကို မီးသတ်သမားတွေ ကြိုးစား ငြိမ်းသတ် နေတာ တွေ့ရပါတယ်။
ကျွန်းသားတွေနဲ့ ဆောက်လုပ်ထားတဲ့ ဟိုတယ်ကြီမှာ မီးလောင်အား ကောင်းနေသလို ဂက်စ်အိုး ပေါက်သံမျိုးလို အသံတွေလည်း ကြားနေရတယ်လို့ အခင်း ဖြစ်ရာမှာ ရောက်နေကြသူတွေက ပြောပါတယ်။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ နိုင်ငံခြားသား ဧည့်သည်များပြီး၊ အဲဒီမှာတည်းနေကြတဲ့ တိုးရစ်တွေ ဟိုတယ်က ထွက်ပြေးလာပြီး လမ်းဘေးတွေမှာ ထိုင်နေကြတာကို တွေ့နေရတယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။
အခုချိန်ထိတော့ လူအသေအပျောက် ရှိကြောင်း အာဏာပိုင်တွေဘက်က ထုတ်ပြန်တာမျိုး မရှိသေးသလို၊ မီးစလောင်ရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။
ကိုယ်တိုင်ရှိနေတဲ့ ကိုလှမြင့် ဘီဘီစီကို ပြောတာ နားထောင်ကြည့်ရအောင်ပါ။