ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကနေရီ ကျွန်းစုတွေ အနီး ရှားပါး သတ္တု ဒြပ်စင်တွေ တွေ့
ရေးသားခဲ့သည်။
အတ္တလန်တိတ် သမုဒ္ဒရာထဲက ကနေရီ ကျွန်းစုတွေ အနီး ပင်လယ်ရေအောက် တောင်ကုန်း တခုမှာ ကမ္ဘာပေါ်မှာ အင်မတန် ရှားပါးလှတဲ့ သတ္တု ဒြပ်စင်တွေ ကို ဗြိတိသျှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ကြပါတယ်။ အဲဒီ ဒြပ်စင်တွေဟာ နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်လို သန့်ရှင်း စွမ်းအင်ထုတ် ပစ္စည်းတွေ အတွက် သာမကဘဲ အီလက်ထရောနစ် ပစ္စည်းတွေ အတွက်ပါ အင်မတန် အရေးပါ တဲ့ ဒြပ်စင်တွေ ဖြစ်ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။