ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သံသယရှိသူ တူနီးရှားအမျိုးသားကို ရဲတွေရှာဖွေ
ရေးသားခဲ့သည်။
ဘာလင်ခရစ္စမတ်ပွဲစျေးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ တူနီးရှားအမျိုးသားကို ဂျာမန်ရဲတွေက နိုင်ငံတဝှမ်းလိုက်လံရှာဖွေနေကြပါတယ်။ အသက် ၂၄နှစ်အရွယ် အန်နစ် အမ်မရီဟာ အစ္စလာမ်မစ်အစွန်းရောက်တွေနဲ့ ဆက်သွယ်မှု ရှိတဲ့အတွက် အရင်ကလည်း စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဥရောပတလွှားမှာလည်း သူ့ကိုဖမ်းဆီးဖို့အတွက် ၀ရမ်းထုတ်ထားပြီး သူနဲ့ ညီအစ်ကိုတော်သူက လာအဖမ်းခံဖို့ တိုက်တွန်းထားပါတယ်။ ကိုအောင်သွင်ကပြောပြထားပါတယ်။