ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆေးကုရင်း စစ်ကောင်စီကို တွန်းလှန်နေတဲ့ သူနာပြု
စစ်အာဏာသိမ်းပြီး ၂ နှစ် အကြာမှာ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး အစစအရာရာ အခက်အခဲတွေ ဖြစ်နေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူးဆိုပြီး ပထမဆုံး အာဏာဖီဆန်ကြတဲ့အထဲမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ပါဝင်ပါတယ်။
ဖမ်းဆီးထောင်ချခံရသူတွေ ရှိသလို တချို့လည်း စစ်တပ်လက်ကနေ လွတ်အောင် ရှောင်ပုန်း ထွက်ပြေးကြရပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသက ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ သူနာပြု ဆရာမ တစ်ယောက် အကြောင်း အထူးသတင်းလွှာကို ဦးကိုကိုအောင်က တင်ဆက်ထားပါတယ်။