ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ထပ်မံချမှတ်ခံရ

ရေးသားခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စွပ်စွဲခံထားရတဲ့ အဂတိအမှုကို ဒီကနေ့မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီး ထောင်ဒဏ် ၇နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အဂတိအမှု ၅မှုပေါင်းပြီး အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေ အားလုံး ပြီးပြတ်သွားပြီး ထောင်ဒဏ် စုစုပေါင်း ၃၃နှစ်ချမှတ်ခံထားရပါတယ်။

ဒီကနေ့ အဂတိမှုအတွက် အမိန့်ချမှတ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသလဲ။ မညိုလဲ့ရည်က ပြောပြပေးမှာပါ။