ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း စစ်ရေးအကူအညီ အလှူ မဟုတ်၊ ကမ္ဘာ့လုံခြုံရေး ရင်းနှီးမြှုပ်နှံတာလို့ ဇလန်းစကီးပြော
ရေးသားခဲ့သည်။
အိမ်ဖြူတော်မှာ သမ္မတ ဘိုင်ဒန်ကို တွေ့ဆုံဖို့ စစ်မက်ဇုန်ကနေ လေယာဉ်ခရီးနဲ့ သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကို ဝါရှင်တန်မှာ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ကြပါတယ်။
ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ပါတယ်။
ယူကရိန်းအစိုးရရဲ့ အရေးအကြီးဆုံးမဟာမိတ် အမေရိကန်က ဒေါ်လာ ၁ ဒဿမ ၈၅ ဘီလျံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ထပ် ပေးမယ်လို့လည်း သမ္မတဘိုင်ဒန်က ကတိပြုပါတယ်။
ဘီဘီစီ သတင်းထောက် နာဒါ တောဖစ်က် ပေးပို့တဲ့ သတင်းကို မသီရီဇော် ပြောပြပါမယ်။