ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တောင်းဆို
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုချက်တွေ ပါဝင်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်း စစ်တပ်ကို တောင်းဆိုတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။
အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း လုံခြုံရေး ကောင်စီက တောင်းဆိုပါတယ်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အကြောင်း အပြည့်အစုံကို ကိုကျော်ဇေယျ ပြောပြပါမယ်။