ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သွေးလှူရှင်တွေဆီ ပင်မဆဲလ်တွေကနေ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထား
ရေးသားခဲ့သည်။
ဓာတ်ခွဲခန်းတွေထဲမှာ သွေးနီဥတွေ ဖန်တီးပြီး လူ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေးတဲ့ ကမ္ဘာ့ပထမဆုံး စမ်းသပ်မှုမှာ ဗြိတိန်သိပ္ပံပညာရှင်တွေ ပါဝင်ဆောင်ရွက်နေပါတယ်။
သွေးလှူရှင်တွေဆီကရတဲ့ ပင်မဆဲလ်တွေကနေ ဒီ သွေး ဆဲလ်တွေကို ဓာတ်ခွဲခန်းမှာမွေးဖွား ထုတ်လုပ်ထားတာဖြစ်ပါတယ်။
သွေးနီဥ ပုံမမှန်တဲ့ လူနာတွေကိုကုသပေးဖို့ သွေးလှူရှင်တွေ လှူတဲ့သွေးတွေထဲမှာ ကိုက်ညီတဲ့ သွေးအမျိုးအစား လုံလောက်အောင်ရဖို့ အခက်အခဲတွေကို ဒီလိုဖန်တီးထုတ်လုပ်ထားတဲ့ သွေးဆဲလ်တွေက ပြောင်းလဲသွားစေလိမ့်မယ်လို့ သိပ္ပံ ပညာရှင်တွေ ယုံကြည်နေကြပါတယ်။
မသီဒါနွယ် ပြောပြပါမယ်။