သူ့တပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ရုရှားတပ်မှူးကြီးပြော

ရေးသားခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှု အစပိုင်း မတ်လထဲမှာ သိမ်းပိုက်ခဲ့တဲ့ ဒေသဆိုင်ရာမြို့တော် ခါဆွန် ကနေ ဆုတ်ခွာဖို့ ရုရှားက သူ့တပ်ဖွဲ့တွေကို အမိန့်ပေးထားပါတယ်။

သီတင်းပတ်နဲ့ချီပြီး ယူကရိန်းတပ်ဖွဲ့တွေက တဖြည်းဖြည်း တိုးဝင်လာတဲ့အတွက် ရုရှားတပ်ဖွဲ့တွေကို ဖိအားတွေ တိုးစေပါတယ်။

အခုတော့ ယူကရိန်းမှာ ရှိတဲ့ ရုရှားတပ်မှူးကြီးက ခါဆွန်က သူ့တပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ သတင်း အယ်ဒီတာ Jeremy Bowen ကင်မရာ အဖွဲ့သားတွေ ခါဆွန်မြို့ ရှေ့တန်းကနေ ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့် ပြောပြပါမယ်။