ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ခါဆွန် ရှေ့တန်းစစ်မြေပြင်
ရေးသားခဲ့သည်။
ရုရှားဟာ မြေပြင်စစ်ပွဲမှာ အနိုင်မရတဲ့အတွက် စွမ်းအင် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူကရိန်း သမ္မတ ဗလိုဒီမာ ဇယ်လန်းစကီးက ပြောကြား လိုက်ပါတယ်။
ယူကရိန်းထဲက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် လူ၄သန်းကျော်ဟာ လျှပ်စစ်မီး မရတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ခါဆွန်မြို့က ရုရှားတပ်တွေဟာ မြို့ကနေ ထွက်ခွာသွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ယူကရိန်းရှေ့တန်း စစ်မြေပြင်မှာ သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက် ဂျရမီ ဘိုဝင်ရဲ့ သတင်းကို ကိုမင်းထက် ပြောပြပေးထားပါတယ်။