ယူကရိန်း နယ်မြေ ၄ခုကို ရုရှားပိုင် အဖြစ်ကြေညာ

ရေးသားခဲ့သည်။

ရုရှားက ကျူးကျော်ခဲ့တဲ့ ယူကရိန်းနယ်မြေ၄ခုမှာ ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးနောက်မှာ ရုရှားပြည်ထောင်စုနဲ့ ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သမ္မတ ဗလာဒီမီယာ ပူတင်က ကြေညာသွားခဲ့ပါတယ်။

ရုရှားက လွတ်မြောက် နယ်မြေတွေ အဖြစ်ကြေညာခဲ့တဲ့ ဒီဒေသ ၄ခုကို တိုက်ခိုက်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ့်သဘောမျိုး မစ္စတာ ပူတင်က ခြိမ်းခြောက်ခဲ့ပေမယ့် ယူကရိန်းဘက်ကတော့ ဒီနယ်မြေတွေ ရုရှားလက်က လွတ်မြောက်အောင် ပြန်လည် တိုက်ခိုက်သွားမယ်လို့ ပြောကြားပါတယ်။

ဒါပေမဲ့ ဒီဆန္ဒခံယူပွဲတွေဟာ လုပ်ဇာတ်တွေသာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ပြောကြားထားပါတယ်။