ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဘဝခရီးလမ်း

ရေးသားခဲ့သည်။

ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးဟာ နန်းသက်ရှည်ကြာသလောက် ထီးနန်းနဲ့ ပြည်သူလူထုအပေါ်မှာ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ ပြောင်းလဲနေချိန်မှာ မယိမ်းမယိုင် တည်ငြိမ်နေတာ ကိုပြပါဆို လူတော်တော်များများက ဘုရင်မကြီးကိုပဲ ညွှန်းဆိုကြမှာ ဖြစ်ပါတယ်။

ကမ္ဘာမှာလည်း ဗြိတိသျှတွေရဲ့ လွှမ်းမိုးမှုတွေ ကျဆင်းလာခဲ့သလို လူမှုအသိုက်အမြုံတွေကလည်း တချိန်ကနဲ့ မတူဘဲ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ တချို့က ဘုရင်စနစ်နဲ့ ပတ်သက်လို့တောင် မေးခွန်းထုတ်လာကြပါတယ်။

ဒီလို လှိုင်းထန်တဲ့ အချိန်မျိုးတွေမှာ ထီးနန်းကို မယိမ်းမယိုင်သွားအောင် ထိန်းကိုင်ထားနိုင်ခဲ့တာကလည်း ဘုရင်မကြီးရဲ့ အောင်မြင်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ဘဝ ခရီးလမ်း အကြောင်းကို ကြည့်ရအောင်ပါ ကိုမင်းထက် က ပြောပြပေးထားပါတယ်။