ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ စစ်တပ်ကို တရားစွဲဖို့ အင်ဒိုနီးရှားမှာ ကြိုးပမ်း
ရေးသားခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်ကို ဥပဒေကြောင်း အရ တရားစွဲဆိုနိုင်ဖို့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းတစ်ဦးပါဝင်တဲ့ လူ့အခွင့်အရေးအဖွဲ့ တစ်ခုက ကြိုးပမ်းနေပါတယ်။ မြန်မာ စစ်တပ်ကို တရားစွဲဆိုနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ လူ့ အခွင့်အရေးဥပဒေကို ပြင်ဆင်ပေးဖို့ဆိုပြီး အဲဒီလူပုဂ္ဂိုလ်တွေက အင်ဒိုနီးရှားဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တင်ပြထား ပါတယ်။ ဒေသတွင်း အာဆီယံ နိုင်ငံမှာ မြန်မာ စစ်တပ်ကို တရားစွဲဖို့ ကြိုးပမ်းချက်ဟာ ဘယ်အတိုင်းအတာ အထိ အကောင်အထည်ဖော်ဆောင်နိုင်မှာပါလဲ။ ကိုဇေယျာထွန်းက ပြောပြပေးမှာပါ။