ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ် ခံရ

ရေးသားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦး၀င်းမြင့် နဲ့ ဝန်ကြီး ဦးမင်းသူ တို့ကို ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။ တရားရုံးက ဘယ်လို အမိန့်ချခဲ့သလဲဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအမှုတွေ ရင်ဆိုင်နေရလဲဆိုတာ ကိုမိုးမြင့်က ပြောပြပေးမှာပါ။