ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန် ရေကြီးမှု စားနပ်ရိက္ခာ ပြတ်မှာ စိုးရိမ်နေရ
ရေးသားခဲ့သည်။
ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ထောင့်နှစ်ကျော် သေဆုံးခဲ့ရပြီးနောက်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ် နေရပါတယ်။
ရေကြီးမှုတွေကြောင့် နိုင်ငံရဲ့ စိုက်ခင်း ၄၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။
အဲဒီက အခြေအနေတွေကို ဘီဘီစီ သတင်းထောက် ပန်ဇာ ဖေလာနီက သတင်းပေးပို့ထားပါတယ်။ မရီရီအောင်က ပြောပြပေးမှာပါ။