ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုတိယ စစ်ခေါင်းဆောင်ရဲ့ ရုရှား ခရီးစဉ်
ရေးသားခဲ့သည်။
စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုရှားနိုင်ငံကို ရောက်နေပါတယ်။ ရုရှားနိုင်ငံမှာကျင်းပနေတဲ့ International Army Games-2022 ပြိုင်ပွဲပိတ်ပွဲအခမ်းအနားတက်ရောက်ဖို့ သွားရောက်တာလို့ထုတ်ပြန်ထားပေမယ့် ရုရှားစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေနဲ့လည်းတွေ့ဖို့ ရှိနေပါတယ်။ စစ်ကောင်စီဒုတိယဥက္ကဋ္ဌရဲ့ ခရီးစဉ်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ရုရှားထပ်သွားမယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာစောင့်ကြည့်သူတွေဆီက သိရပါတယ်။ အကြောင်းစုံကို ကိုရင်မောင်က ဆက်ပြောပြမှာပါ။