ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန် မြို့ပြခြေရာခံ ဖမ်းဆီးမှုတွေ ပိုများလာ
ရေးသားခဲ့သည်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးအဖွဲ့ဝင် ၆ ဉီး ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက်ပိုင်း ဒေသခံတွေကိုအစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေဆက်ဖြစ်နေပါတယ်။
ဒီကနေ့မှာလည်း မရမ်းကုန်းမြို့နယ် တရားရုံးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ရှိခဲ့သလို၊ စစ်ကောင်စီဘက်က လုံခြုံရေးကင်မရာတွေကို ခြေရာခံပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ပိုလုပ်လာပါတယ်။ မညိုလဲ့ရည်က အခုလို သတင်းပေးပို့ထားပါတယ်။