ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICJ မှာ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုကို ဗြိတိန်နဲ့ အမေရိကန် ထောက်ခံမယ်လို့ဆို
ရေးသားခဲ့သည်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုတွေအတွက် မြန်မာစစ်တပ်ကို အရေးယူတဲ့ အနေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတချို့ကို ပိတ်ဆို့ အရေးယူလိုက် တယ်လို့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက် ပြေးခဲ့ရတဲ့ ၅ နှစ်ပြည့်ချိန်မှာ ဗြိတိန်နိုင်ငံက ပြောပါတယ်။
ရိုဟင်ဂျာတွေ မျိုးတုံး သတ်ဖြတ်ခံရမှု မြောက်မမြောက် အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို စွဲဆိုထားတဲ့အမှုကိုလည်း ဗြိတိန်နဲ့ အမေရိကန်က ထောက်ခံမယ်လို့ပြောပါတယ်။
ဒါကိုရိုဟင်ဂျာတွေ ဘယ်လိုတုံ့ပြန်နေ ကြပါလဲ။ ပြည်တွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကရော ဘယ်လို ဆက်ရှိနေပါလဲ။ ကိုဇေယျာထွန်းပြောပြပါမယ်။