ရုရှား တပ်တွေကို ယူကရိန်းတို့ ဒရုန်း နဲ့ တိုက်ခိုက်

ရေးသားခဲ့သည်။

ယူကရိန်းတို့ အနေနဲ့ ထိုးစစ်တွေ ပြန်လည်စတင်ပြီး ရုရှားက သိမ်းပိုက်ထားတဲ့ ခါဆွန်မြို့အပါအဝင် မြို့ကြီးတွေကို ပြန်သိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာ စစ်ဆင်ရေးကြီးတွေ စတင်မယ်လို့လည်း ယူကရိန်း စစ်တပ်က ထိပ်တန်း အရာရှိတွေက ဘီဘီစီကို ပြောကြပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အရင်တုန်းကနဲ့ မတူတဲ့ နည်းဗျူဟာတွေကို အသုံးပြုသွားမှာ ဖြစ်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။